
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သကြားသီးများကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာသကြားသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။
သကြားသီးသည် အစိမ်းရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိပါသည်။ သကြားသီးသည် ဂျယ်လီလိုချိုချိုအိအိလေးအရသာရှိပြီး သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ တတိယပတ်အတွင်း သကြားသီး(၁)လုံးလျှင်(၄၀၀)ကျပ်၊ သကြားသီး(၃)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)