
ကြက်သွန်နီသည် နေ့စဥ်စားသုံးနေသော အစားအစာတို့တွင်မပါမဖြစ် အလွန်အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် ရေအလွန်လိုအပ်သောသီးနှံဖြစ်သည့်အပြင် မြေအစိုဓာတ်ရှိသော မြေတွင်သာ စိုက်ပျိုးနိုင်ပါသည်။ အလွန်ချဥ်သောမြေကို မနှစ်သက်သော ကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းပါးပြီး အပူအအေးသင့်တင့်သော ရာသီဥတုကိုကြိုက် နှစ်သက်ပါသည်။ မြေပြန့်ဒေသတွင် ကြက်သွန်နီကို အောက်တိုဘာလနှင့် နိုဝင်ဘာလအထိသာ စိုက် ပျိုးပြီး တောင်ပေါ်ဒေသတွင် မတ်လနှင့်ဇွန်လ အထိသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ထားဝယ် စျေးကွက်တွင် ကြက်သွန်နီစျေးနှုန်းမှာယခင်ပတ်(၃၅၀၀/-)ကျပ်မှ ယခုအပတ် (၃၀၀၀/-)ကျပ်သို့ ကျဆင်းသွားကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)