ကန့်ဘလူမြို့နယ်တွင်ရောင်းချနေသည့် နွေပဲသီး ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးကြပြီး ရာသီစာသီးနှံများနှင့် စားဖို ဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

           ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နွေပဲသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ နွေပဲသီးသည် နွေရာသီတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ နွေပဲသီးတွင်(၂)မျိုးရှိပြီး အဖြူရောင်နွေပဲသီးနှင့် အစိမ်းရောင်နွေပဲသီးတို့ဖြစ်ကြောင်း၊၂၀၂၅ခုနှစ် မတ်လတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိသည့် နွေပဲသီး(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)