“ဆောင်းမြေပဲရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်ခြေအနေ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံ မျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ် ၊ ကြက်သွန် ၊ နနွင်းများ စိုက်ပျိုးသည့်အပြင် ပဲမျိုးစုံသီးနှံကိုလည်း စိုက်ပျိုးလျှက်ရှိပါသည်။ ပဲမျိုးစုံသီးနှံများအနက် ဆီထွက် သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကိုလည်းတောင်သူများ တိုးချဲ့စိုက်ပျိုးလာကြပါသည်။ဆောင်းမြေပဲ စိုက်ဧကအနေဖြင့် ခရိုင်အတွင်း(၁၁၅၇)ဧက စိုက်ပျိုးထားရှိပြီး(၂၁၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည် ။ ဆောင်းမြေပဲစိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း (၅၃၀၀၀၀/-)ကျပ်ခန့် ကုန်ကျခဲ့ ကြောင်း၊ အထွက်နှုန်း အနေဖြင့်(၄၅)တင်းခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ် မြေပဲတောင့်တစ်တင်းလျှင် (၂၂၅၀၀/-)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် မြေပဲစျေးနှုန်းအနေဖြင့် မြေပဲတောင့်တစ်တင်းလျှင်(၃၅၀၀၀/-) ကျပ်မြေပဲဆံတစ်ပိဿာလျှင်(၈၁၀၀/-)ကျပ်၊မြေပဲဆီတစ်ပိဿာလျှင်(၁၇၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ် လျှက်ရှိပြီးမြေပဲရောင်းဝယ်မှုအနေဖြင့်ပွဲရုံများသို့တိုက်ရိုက်ရောင်းချကြောင်း၊ဒေသတွင်းဆီစက်များမှဝယ်ယူသိုလှောင်မှုရှိပြီး ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၁၂၀၀၀၀၀/-)ကျပ် ဝန်းကျင်အကျိုးအမြတ် ရရှိကြောင်း ၊ စျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း လျက်ရှိကြောင်း ၊ မိသားစုအတွက် စားသုံးဆီဖူလုံစေသိအပြင်  အကျိုးအမြတ်များသော  မြေပဲသီးနှံ များကိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)