
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ပဲတီစိမ်းသီးနှံကို ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ် တွင်ကျောက်ဆည်မြို့နယ်တွင် (၂၄၈၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး (၈၉၅)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည် ။ ပဲတီစိမ်းကို မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့်ရေဆင်း-၁၁ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့်(၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ပဲတီစိမ်း (ဆောင်း)ကို အောက်တိုဘာလ နှင့်နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ၊ ယခုအချိန်တွင် ပဲတီစိမ်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ် ကြောင်း၊ ယခင်နှစ်စျေးနှုန်းအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင် (၅၅၀၀၀/-)ကျပ်ရှိခဲ့ပြီး ယခုလက်ရှိ ပေါက်စျေးအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့်(၁၂-၁၃)တင်းခန့်ထွက်ရှိကြောင်း၊ ပဲတီစိမ်းကို တောင်သူများမှ ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ ရောင်းချကြကြောင်း၊(၁)ဧကအကျိုးအမြတ်အနေဖြင့်(၆၅၀၀၀၀/-)ကျပ်ကျော်မြတ်ခဲ့ကြောင်း၊ပဲတီစိမ်း
စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)