စီးပွားဖြစ်စိုက်ပျိုးလာသော ဂွေးတောက်”

Powered by Drupal

ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စပါး ၊ ပဲ ၊ ပြောင်း သီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ဂွေးတောက်သီးနှံကိုလည်း စိုက်ပျိုးလာကြပါသည် ။ ရှေးယခင်က ဂွေးတောက်ရွက်ကို တော/တောင်များမှ ခူးယူ၍ ရပ်ရွာနှင့်မြို့ပေါ်ရှိဈေးများသို့ တင်ပို့ရောင်းချရ ကြောင်း ၊ ပင်ကြီးဂွေးတောက်ရွက်နုချိန်မှာ မိုးဦးကျ သင်္ကြန်ကာလများတွင် ဖြိုင်ဖြိုင်နုကြောင်း ၊ စားသုံးသူများမှာ ပင်ကြီးဂွေးတောက်ရွက်ပေါ်ချိန်မှသာ စားသုံးရကြောင်း ၊ ယခုအခါတွင် တောင်သူ များမှရာသီမရွေးစိုက်ပျိုးနိုင်ပြီး အချိန်မရွေးစားသုံးနိုင်သော ဂွေးတောက်သီးနှံကို လယ်ယာမြေများ တွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးရကြောင်း ၊ မျိုးစေ့ကို (၁)နာရီခန့် ရေစိမ်ထားပြီး ပျိုးဖောင်တွင် မျိုးစေ့ပါးပါးဖြူးပြီး ပလပ်စတစ်အိပ်အကြည်ဖြင့် (၃)ရက်ခန့် အုပ်ထားပေးရကြောင်း၊ အညှောင့်ထွက် လာသောဂွေးတောက်မျိုးစေ့များကို ပျိုးအိပ်ထဲ ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ အပင်အရွက်လေးရွက် မှငါးရွက်ခန့်ထွက်လာသောအခါ အသင့်စိုက်ပျိုးရန် ပြုလုပ်ထားသော ဖောင်များပေါ်သို့ ရွှေ့ပြောင်း စိုက်ပျိုးပေးရကြောင်း၊ တစ်ဧကတွင် ဂွေးတောက်မျိုးစေ့တစ်ပြီခန့် အသုံးပြုရကြောင်း၊ မျိုးစေ့တစ်ပြီ ဈေးနှုန်းအနေဖြင့်(၁၀၀၀၀/-)ကျပ်ခန့်ရှိကြောင်း ၊ မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၅၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၃)လသားအရွယ်တွင် စတင်ခူးဆွတ်ရောင်းချရပြီဖြစ်ကြောင်း ၊ ခူးဆွတ်၍ရသောအချိန်မှ စတင်၍(၇/၁၀)ရက်တစ်ကြိမ်ခူးရကြောင်း ၊ တစ်ဧက အထွက်နှုန်းအနေဖြင့် (၁)ကြိမ် ခူးဆွတ်ရောင်းချရပါကပိဿာ(၈၀) ထွက်ရှိကြောင်း၊ (၁)လကို(၃)ကြိမ်ခူးဆွတ်ပါက ပိဿာ (၂၄၀) ကျော်ထွက်ရှိကြောင်း၊ ဂွေးတောက်ရွက်တစ်ပိဿာ လက်လီဈေးနှုန်းအနေဖြင့်(၅၀၀၀/-)ကျပ် ခန့် ရောင်းချရပြီး လက်ကားဈေးအနေဖြင့်တစ်ပိဿာလျှင်(၃၀၀၀/-)ကျပ်ခန့် ရောင်းချပေးကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ သုံးဘီးဆိုင်ကယ်များဖြင့် အခင်းထဲအရောက် လာရောက် ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်-မန္တလေးမြို့များရှိ ဈေးများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ၊ ဂွေးတောက်ပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် အပင်အပြုအစု ကောင်းပါက တစ်နှစ်ပတ်လုံး အထွက်နှုန်းကောင်းမွန်ကြောင်း ဈေးနှုန်းပုံမှန် မရှိသော်လည်း အကျိုးအမြတ် ဖြစ်ထွန်းကြောင်း၊ တစ်ဧကစိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ခန့်မှန်း(၁၀၀၀၀၀၀)ကျပ်ခန့်မြတ် ကြောင်း၊ဂွေးတောက်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကြောင်း ဂွေးတောက်ရွက်ကို စားသုံးသူ များကြိုက်နှစ်သက်၍အရောင်းသွက်ကြောင်း၊ဂွေးတောက်ရွက်ကိုအတို့အမြုပ်အနေဖြင့် စားသုံးကြ သလို ဂွေးတောက်ရွက်ကြော်၊ ကြက်ဂွေးတောက်၊ ပဲကြီး ဂွေးတောက်ဟင်းရည် စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်သုံးဆောင်ကြကြောင်း ၊ ဝယ်လိုအားရှိပြီး စီးပွားလည်းဖြစ် ဝင်ငွေတိုးသော ဂွေးတောက်ရွက်သီးနှံကို တောင်သူဦးကြီးများ စိုက်ပျိုး သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)