“ပဲကြီးဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

          ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုးနှင့် မြောင်းဘောင်များတွင်သာ တစ်နိုင်တစ်ပိုင် သာစိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် ယာမြေနှင့်လယ်မြေများတွင် အများအပြား စိုက်ပျိုးလာကြ ကြောင်း ၊  ကျောက်ဆည်မြို့နယ်တွင် ပဲကြီးစိုက်ဧက (၁၂၅၀)ဧကခန့် စိုက်ပျိုးထားရှိကြောင်းကို ခရိုင်ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည် ။ ပဲကြီးသီးနှံကို နှစ်စဉ် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ နှင့် မတ်လတို့တွင် စတင်ရိတ်လျက်ရှိ ကြောင်း ၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ ထွန်ယက်ခ ၊ သွင်းအားစု ၊ လုပ်သားခ စုစုပေါင်း (၆၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး ပဲကြီးသီးနှံမှာ စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၃)လမှ(၆)လ အတွင်းရှိပါသည် ။ စိုက်ပျိုးပြီး (၃)လအကြာတွင် အဖူးအပွင့်များ စတင်ဖူးပွင့်ကြောင်း ၊ ပဲကြီးကို (၅)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ တစ်ကြိမ်ခူးဆွတ်လျှင် တစ်တင်းမှ တစ်တင်းခွဲအထိ ခူးဆွတ်ရကြောင်း၊ ပဲကြီး(၁)ဧကလျှင်(၁၂)တင်းထွက်ရှိကြောင်း၊ တောင်သူအများစုမှာ ပဲကြီးအစိုများ ကိုသာခူးဆွတ်၍ရောင်းချကြကြောင်း ၊ ပဲကြီးအစိုဈေးနှုန်းမှာ တစ်ပြီလျှင် လက်လီဈေးနှုန်းအနေ ဖြင့်(၂၀၀၀/၃၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ၊ တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ခန့် ရောင်းချရ ကြောင်း၊ တစ်ဧကလျှင်(၄၈၀၀၀၀)ကျပ် ရရှိပြီး အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက တောင်သူများ အကျိုးအမြတ်ပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း ၊ ပဲကြီးသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိပါသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းကို သင်ပုတ်ကျေးရွာမှ ပဲကြီးစိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)