“သံပုရာစိုက်ပျိုးခြင်းဖြင့်ဝင်ငွေတိုး”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော သံပုရာပင်များကိုလည်း စိုက်ပျိုးလာ ကြပါသည်။ စိုက်ပျိုးသောသံပုရာမျိုးများမှာ ဗမာသံပုရာမျိုး၊ သံပုယိုမျိုးများကို အများဆုံး စိုက်ပျိုး ကြပါသည်။ သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်း ဝယ်ယူ၍ စိုက်ပျိုးကြပါသည် ။ စိုက်ကျင်းအရွယ် ၂ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးရောစပ်၍ ၁၂ပေကြား တစ်ပင်ဖြင့် တစ်ဧကကိုအပင် (၃၀၀) ကျော်ဝင့်ဆံ့ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကိုင်းဆက်ပျိုးပင် တစ်ပင်လျှင် (၂၀၀၀) ကျပ်ဖြင့် ဝယ်ယူရပြီး မျိုးသွင်းအားစု လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၀)ကျပ်ခန့်ရှိကြောင်း ၊ အပင် လျင်မြန်ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာကျွေးရကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါက(၂)နှစ်အကြာ တွင်အသီးများစတင်သီးကြောင်း၊ သံပုရာ တစ်ပင်တွင် အသီးအထွက်နှုန်း(၁၀၀)မှ (၁၀၀၀)ခန့်ထွက် ကြောင်း၊ တစ်ဧကအထွက် သံပုရာသီး အလုံးပေါင်း (၂၀၀၀၀)လုံးခန့်ထွက်ကြောင်း၊ ဗမာသံပုရာမျိုး နှင့်သံပုယိုမျိုးများတွင် သံပုယိုမျိုးကပိုမိုထွက်ကြောင်း၊ ဗမာသံပုရာသီးဈေးနှုန်းအနေဖြင့် ဗမာသံပုရာ

သီးအလုံး(၁၀၀)တွင်(၃၀၀၀၀)ကျပ်၊ လက်လီတစ်လုံးလျှင်(၄၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၂၀၀၀၀)ကျပ်၊ လက်လီတစ်လုံးလျှင်(၂၅၀ )ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဗမာသံပုရာသီးနှင့် သံပုယိုတွင် ဗမာသံပုရာက ဈေးကောင်းပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ သံပုရာခြံထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချ ကြောင်း၊သံပုရာပင်သည်တစ်နှစ်ပတ်လုံးအသီးထွက်ကြောင်းအချိန်ကာလပေါ်မူတည်ပြီးအထွက်နှုန်း၊အနည်းအများရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် ခန့်မှန်းသံပုရာသီး(၂၀၀၀၀)ခန့် ထွက်ရှိ ပြီး(၂၀၀)ကျပ်ခန့် ရောင်းချရပါက သိန်း(၂၀)ခန့်မြတ်ကြောင်း သံပုရာစိုက်ပျိုးသော တောင်သူတစ်ဦး ၏ပြောကြားချက် အရသိရှိရပါသည်။ 

DOCA(မန္တလေး)