
ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အညာဒေသထွက် တစ်ခု ဖြစ်သော မုန့်ပေါင်းအုံးမုန့်များပြုလုပ်ရောင်းချသော မြစ်သားမြို့နယ်၊မှိုင်းအုံကေးရွာသို့သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။ မှိုင်းအုံကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မုန့်ခေါင်းအုံးများ ပြုရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုကြကြောင်း၊မုန့်ခေါင်းအုံးပြုလုပ်ရာတွင်ကုန်ကြမ်းဖြစ်သော ကောက်ညှင်း ဆန်ကိုပေါင်းရကြောင်း၊ပေါင်းပြီးသားကောက်ညှင်းဆန်များကို ထုထောင်းပြီးပြားနေအောင်ပြုလုပ်၍ အနေတော်အတုံးဖြစ်စေ ၊ အပြားလေးများဖြစ်စေလှီးဖြတ်၍ အခြောက်ခံရကြောင်း ၊ အခြောက်ခံပြီး
သောကောက်ညှင်းပြားလေးများကို သဲကိုအပူပေးထားသော အိုးခင်းထဲတွင်ထည့်၍လှော်ရကြောင်း၊ လှော်ထားသော ကောက်ညှင်းပြား၊ကောက်ညှင်းချောင်းလေးများကို ထန်းလျက်ကို အနေတော် မပျစ် မကျဲကြို၍ စတီးလင်ပန်းအရှည်ပေါ်တွင် လှော်ထားသော ကောက်ညှင်းပြား ၊ ကောက်ညှင်း ချောင်းလေးများကို ထန်းလျက်ရည်ဖြင့်ရော၍ သမအောင်ယောင်းမနှစ်ချောင်းဖြင့်မွှေပေးရကြောင်း၊ ထန်းလျက်(၁)ပိဿာလျှင်(၆၀၀၀/-) ပေးရကြောင်း၊ ကောက်ညှင်းဆန်(၁)ပြည်လျှင်(၈၀၀၀/-)ကျပ်၊ ကောက်ညှင်းဆန်(၁၀)ပြည်တွင် မုန့်ခြောက်(၁၈-၂၀)ပိဿာအထိထွက်ရှိကြောင်း၊ မုန့်ခြောက်အချိန် (၂၀-၂၅)တွင် ထန်းလျက်(၂၅)ပိဿာခန့် ထည့်ရကြောင်း ၊ စုစုပေါင်း ကုန်ကျစရိတ်(၂၃၀၀၀၀/-) ကျပ် ခန့်ကုန်ကျကြောင်း ၊ အဆင်သင့်စားသုံး၍ရောင်းရသော မုန့်ခေါင်းအုံး လက်လီ (၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ် ရောင်းချရကြောင်း ၊ ဖောက်သည်စျေးအနေဖြင့်(၁)ပိဿာလျှင် (၁၀၀၀၀/)ကျပ်ဖြင့် ရောင်းချရကြောင်း၊ မုန့်ခေါင်းအုံးလုပ်ငန်းကို မိရိုးဖလာ ရှေးယခင် ဘိုးဘွားများလက်ထပ်ကပင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ၊ မုန့်ခေါင်းအုံးလုပ်ငန်းကို ပွဲရာသီများဖြစ်သော တန်ဆောင်မုန်းလမှ တပေါင်းလအတွင်း မိသားစုလိုက် မုန့်များဖြိုင်ဖြိုင်ပြုလုပ်၍ ဝါးပိုးခြင်းများတွင်ထည့်၍ ပွဲများသို့ လှည့်လည်ရောင်းချကြကြောင်း၊ ရွှေပွဲလာများမှလည်း ပွဲမှအပြန် အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူ သွားကြောင်း၊ ပွဲတိုင်းကြော်မုန့်ခေါင်းအုံးမုန့်မှာ ဝယ်ယူစားသုံးသူများပြားကြောင်း ၊ အညာဒေသထွက် ဖြစ်သော မုန့်ခေါင်းအုံးမှာ ကျန်းမာရေးနှင့် ညီညွတ်ပြီး လူကြီး၊လူငယ်မရွေးကြိုက်နှစ်သက်သော မုန့်ခေါင်းအုံးများကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)