
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများမှ ကုန်စည်အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ စီမံခန့်ခွဲရေးအရအရေးယူခြင်းများအား ပြောကြားပြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁)ပါ ပုဒ်မ(၂)၊ ပုဒ်မခွဲ(ဆ)(ဇ)(ဍ)ပါ အချက်များအား စားသုံးသူများသိရှိနားလည်စေနိုင်ရန် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)