
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးကွက်တွင် မတ်လဒုတိယပတ်မြို့နယ်အချို့ စပါး၊ ဆန်ဈေးနှုန်းများအကျဘက်သို့ ဦးတည်လျက်ရှိပြီး ဖျာပုံခရိုင်၊ ဖျာပုံ ၊ ဘိုကလေး၊ ကျိုက်လတ်မြို့နယ်များတွင် လူနည်းစုစားသုံးမှုရှိသော ပေါ်ဆန်းစပါး (၄၆) ပေါင် (၁) တင်းလျှင် ယခင် ကျပ် (၂၃၆၀၀) ဈေးနှုန်းမှ ယခုဈေးစပါး (၁) တင်းလျှင် ကျပ် (၂၃၀၀၀) ဖြစ်သွား၍ ပေါ်ဆန်းစပါး (၁) တင်း ကျပ် ၆၀၀ ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဒေးဒရဲမြို့နယ်တွင် ပေါ်ဆန်းစပါး ၄၆ ပေါင် (၁) တင်း ကျပ် ၂၃၇၀၀ ဈေးမှ ယခုဈေး ၂၃၀၀၀ ဖြစ်သွားပြီး စပါး (၁) တင်းကျပ် ၇၀၀ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း အဆိုပါ မြို့နယ်များတွင် ယခင်ပေါ်ဆန်ဆန်တစ်အိတ် ကျပ် ၁၁၂၀၀၀/၁၁၀၀၀၀ ဈေးမှ ယခုဈေးဆန်တစ်အိတ် ကျပ် ၁၁၀၀၀၀/၁၀၅၀၀၀ ဈေး ဖြစ်သွားသည့်အတွက် ဆန်တစ်အိတ်ကျပ် ၂၀၀၀/၅၀၀၀ ဈေးနှုန်း ကျဆင်းလျှက်ရှိကြောင်း ဈေးကွက်မှသိရသည်။
မြောင်းမြခရိုင်၊ မြောင်းမြ၊ အိမ်မဲမြို့နယ်များတွင် အများစုစားသုံးမှုရှိသော မိုးဧည့်မထစပါး (၄၆) ပေါင် (၁) တင်း ကျပ် ၁၇၀၂၀/၁၆၁၀၀ ဈေးနှုန်းမှ ယခုစပါး (၁) တင်းကျပ် ၁၆၅၆၀/၁၅၆၄၀ ဈေးဖြစ်သွား သည့်အတွက် စပါး (၁) တင်းကျပ် (၅၀၀) ဝန်းကျင်ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဆန်တစ်အိတ်လျှင် ယခင်ကျပ် ၇၅၀၀၀/၇၀၀၀၀ ဈေးမှ ယခုဈေးပြောင်းလဲမှုမရှိကြောင်းနှင့် အခြားမြို့နယ်များတွင် ပေါ်ဆန်း စပါး၊ ဆန်ဈေးနှုန်းနှင့် ဧည့်မထစပါး၊ ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း တိုင်းဆန်စပါး သတင်းများမှာ သိရှိရပါသည်။
DOCA(ဧရာဝတီ)