စတင်ထွက်ပေါ်‌နေပြီဖြစ်သော ဒူးရင်းသီး

Powered by Drupal

          ဒူးရင်းပင်/ဒူးရင်းသီးများသည် မြန်မာပြည်တောင်ဘက်ပိုင်းတွင်စိုက်ပျိုးဖြစ်ထွန်းသော အသီး တစ်မျိုးဖြစ်သည်။

          ဒူးရင်းပင်သည် ကျောက်စရစ်မြေကိုပို၍ကြိုက်သည်။ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ဒူးရင်းသီးအနံ့ကား လွန်စွာမွှေးကြူလျက်ရှိသည်။အရသာမှာ ချိုမြကာ အခါး ဖက်သို့‌‌ ရောက်ရှိနေသောအရသာမှာ အလွန်ပင်ကောင်းသည်ဟု မှတ်ယူကြသည်။ ဒူးရင်းသီး သည်မှည့်လျှင် ပင်မြင့်ပေါ်မှအလိုအလျှောက်ပြုတ်ကျလာပြီး ပြုတ်ကျလာသော်လည်းမပျက်မစီး ဘဲ ပင်ကိုအတိုင်း ပင်တည်ရှိလျက်ရှိသည်။

          တချို့ဒူးရင်းသီးမှာအစေ့ကြီးသော်လည်း တချို့မှာအစေ့သည်လွန်စွာသေးငယ်၍ အစေ့ သည်ပါရုံသာရှိသည်။အစေ့မှာ အချို့အသီးတွင် ငါးမြှောင့်၊ အချို့အသီးတွင် လေးမြှောင့်၊သုံးမြှောင့် စသည် ဖြင့်လည်း ကွဲပြားတတ်သေးသည်။ဒူးရင်းသီးကိုအဆမတန်စားသုံးလျှင် အပူကန်တတ် သည်။ထိုသို့ အပူမကန်စေရန် မင်းဂွတ်သီး အားစားပေးရသည်။နာနတ်သီးကိုလည်း စားခြင်းဖြင့် အပူမကန်နိုင် ပါ။

          မြန်မာနိုင်ငံတွင် ဒူးရင်းသီးစပေါ်ချိန် မတ်လမှစ၍ ဧပြီလ၊မေလ၊ဇွန်လ တို့၌ ဒူးရင်းသီး လှိုင်လှိုင် ထွက်ပေါ်နေပြီဖြစ်ရာ ဈေးနှုန်းများမှာ ဒေသထွက်အလုံးကြီးတစ်လုံးလျှင် (၃)သောင်း (၄)သောင်း နှင့်အလတ်တစ်လုံးလျှင် (၁သောင်းငါးထောင်)ကျပ်ရှိကြောင်းသိရှိရပြီး ဒေသတွင်း စားသုံးခြင်း သာ မဟုတ်ဘဲ မြန်မာနိင်ငံ အလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းသီး စိုက်ပျိုး သော တောင်သူ များဝင်ငွေတိုးတက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)