
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ၁၉.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်က ကဒါရပ်ကွက်၊ မင်္ဂလာဈေးရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံ စားသောက်ကုန်များဖြစ်သည့် အမဲသား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဆန် (၁) ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိဿာ (၈၀၀၀) နှင့် ကြက်ဥ (၄) လုံး (၁၀၀၀) ကျပ်စသည်တို့ကို ဈေးနှုူန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချခြင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လိုက်လံကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။
DOCA(မွန်)