“တောင်ကြီးမြို့ပေါ်ရှိ ပိန္နဲကွင်းဈေးကွက်”

Powered by Drupal

          ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံပြည်သူများ သည် အပိုဝင်ငွေရရှိနိုင်ရန် မိမိတို့၏နေအိမ်ခြံဝန်းများတွင် ပိန္နဲပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား လျက်ရှိကြောင်းသိရှိရပါသည်။ ယခုလိုနွေရာသီအချိန်အခါတွင် ပိန္နဲသီးအနုများလှိုင်လှိုင်ပေါ်ထွက် လျက်ရှိနေပြီဖြစ်ပါသည်။

          တောင်ကြီးမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံပြည်သူများသည် လှိုင်လှိုင်ပေါ်ထွက်လျက် ရှိသော ပိန္နဲသီးများကို အခွံခွာ၍ အကွင်းကွင်းလှီးပြီး ဈေးများတွင် လာရောက်ရောင်းချလျက်ရှိရာ ပိန္နဲကွင်း အသေးသုံးကွင်းလျှင် ၁၀၀၀ ကျပ်၊ အကွင်းကြီးတစ်ကွင်းလျှင် ၈၀၀ ကျပ်၊ နှစ်ကွင်းလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)