ငါန်းဇွန်မြို့နယ် ဆောင်းနေကြာ ရိတ်သိမ်း

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ခုနှစ် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊နေကြာများစိုက်ပျိုးကြရာ နေကြာသီးနှံကို (၁၂၄၇၈)ဧက လျာထားပြီး (၁၂၄၈၀)ဧက စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။ နေကြာကို တမာပင်ကျေးရွာ၊ စီထိန်း၊ ပျော်ဘွယ်၊ ညောင်ချင်း၊ ခြင်္သေ့လက်ကျေးရွာများတွင် စိုက်ပျိုးမှုများကြပြီး သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးသောမျိုးမှာ ဆင်းရွှေကြာ-၂ နှင့် ရေဆင်း(၁)မျိုးတို့ဖြစ်ကြောင်း သိရသည်။ နေကြာတစ်ဧက ကုန်ကျစရိတ်မှာ(၂၈၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး တစ်ဧကအထွက်နှုန်းမှာ (၁၅/၁၈)တင်း ခန့်ထွက်ရှိကြောင်း နေကြာစိုက်တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယခုဖေဖော်ဝါရီလကုန် မတ်လဆန်းတွင် စတင်ရိတ်သိမ်းပြီဖြစ်ရာ ယခင်နှစ်နေကြာတစ်တင်းလျှင် (၃၇၀၀၀)ကျပ်ရှိပြီး ယခုနှစ်ဈေးမှာ (၅၀၀၀၀) ကျပ်‌ရှိကြောင်း သိရသည်။ မန္တလေးမြို့သို့ ရောင်းချသည့်အပြင် မိမိတို့အိမ်စားသုံးဖို့ ဆီဖူလုံရန် နှင့် မျိုးအတွက်လည်း သိမ်းဆည်းထားကြောင်းသိရသည်။

DOCA(မန္တလေး)