အရောင်းသွက်သည့်သစ်သီးစျေးကွက်

Powered by Drupal

    မန္တလေးစျေးကွက်တွင် မတ်လတတိယပတ်အတွင်း ပူပြင်းသောရာသီရောက်ပြီဖြစ်၍ ရာသီ စာသီးနှံများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း သစ်သီး ဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ တို့မှ အများအပြားဝင်ရောက်ပြီး၊ အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိ သစ်သီးပွဲရုံများမှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များသို့တဆင့် ပြန်လည်ရောင်းချလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် မတ်လတတိယပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့်သစ်သီးစျေးများမှာ တစ်ပိဿာလျှင် စပျစ်သီး ၁၀၀၀၀ ကျပ် နှင့် ၁၃၀၀၀ ကျပ်၊ လိမေ္မာ်သီး အပွ(အလုံးကြီး)  ၃၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော်  ၁၁၀၀ဝိ/-နှင့် ၁၂၀၀ဝိ/- စျေး၊ စတော်ဘယ်ရီသီး(အကျွတ်သီး) ၉၀၀ဝိ/- နှင့် ၁၁၀၀ဝိ/-စျေး၊စတော်ဘယ်ရီသီး(ချိုမွှေးသီး) ၁၂၀၀ဝိ/-နှင့် ၁၃၀၀ဝိ/- စျေး၊ ထောပတ် သီး(Hass မျိုး) ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့် သစ်သီး စျေးနှုန်းများမှာ တစ်လုံးလျှင် ကျွဲကောသီး (မော်လမြိုင်သီး) ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ပန်းသီး အလုံးကြီး(အကျွတ်သီး)  ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ ဆန်းကစ်သီး ၂၅၀ဝိ/-နှင့် ၃၀၀ဝိ/-၊ ပန်းသစ်တော် သီး(အလုံးကြီး) ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-စျေး၊သခွားသီး ၃၀၀ဝိ/- နှင့် ၅၀၀ဝိ/-စျေးတို့ဖြစ်ပေါ် လျက်ရှိ ပြီး၊ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ မန္တလေးစျေးကွက်အတွင်း ရာသီစာသစ်သီးများ အရောင်း သွက်လျက် ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)