စပျစ်သီးစျေးနှုန်းစျေးကွက်

Powered by Drupal

 မန္တလေးသစ်သီးစျေးကွက်တွင်မတ်လတတိယပတ်အတွင်းရာသီစာစပျစ်သီးများ ဝင်ရောက် မှုများပြားလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်အခြား ဒေသများ မှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံးစိုက်ပျိုးလျက်ရှိပြီး၊အီတလီ No(3)BQBKRG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်း‌ရောင် အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း  သိရပါတယ်။ စပျစ်သီးစားသုံးခြင်းဖြင့် ပန်းနာရင် ကျပ်ရောဂါသက်သာစေခြင်း၊နှလုံးရောဂါဖြစ်နိုင်‌ခြေကိုလျော့ချပေးခြင်း၊ခေါင်းကိုက်ခြင်းကိုသက်သာ စေခြင်း၊ ဝမ်းမှန်စေခြင်း၊ အစာကြေညက်စေခြင်း၊ ညောင်းညာမှုကိုတွန်းလှန်နိုင်ခြင်း၊ ကျောက်ကပ် ရောဂါကိုသက်သာစေခြင်း၊ ရင်သားကင်ဆာမဖြစ် အောင်ကာကွယ်ပေးခြင်း၊ ဦးနှောက်ကျန်းမာရေး နှင့်အာရုံကြော ထိခိုက်မှုဆိုင်ရာရောဂါများ သက် သာစေခြင်း နှင့်မျက်စိ ကိုကျန်းမာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။စပျစ်သီးအား အသီးအတိုင်း စားသုံးခြင်း၊ အခြောက် ခံခြင်း၊ယိုထိုးခြင်း၊ဝိုင်၊ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင် စပျစ်သီးခြောက်များထည့်၍စားသောက် ကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ သစ်သီးဝင်ရောက်မှုအနေဖြင့် မန္တလေးမြို့၊စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ် မတ်လတတိယပတ်အတွင်း ဝင်ရောက်မှုများလာသည့် စပျစ်သီး‌ စျေးမှာ တစ်ပိဿာလျှင် စပျစ်သီး အလုံးဝိုင်း (ကြီး) ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊စပျစ်သီး အချွန် မျိုး ၁၁၀၀ဝ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်စျေးတို့ ဖြင့် ရာသီဥတုပူပြင်းသည်နှင့်အညီ  စပျစ်သီးများအရောင်းသွက် လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)