သခွားမွှေးသီးစျေးနှုန်းစျေးကွက်

Powered by Drupal

   သစ်သီးစျေးကွက်တွင် မတ်လတတိယပတ်အတွင်း အမရပူ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ မြစ်သား၊စဉ့်ကိုင်နှင့်တံတားဦးမြို့နယ်များ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ လည်း ဝင်ရောက်ကြောင်းသိရပါတယ်။သခွားမွှေးသီးမှာပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေး တိုင်း ဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်စိုက် ပျိုး ကြောင်း သိရပါတယ်။ သခွားမွှေးသီးစားသုံးခြင်းဖြင့် အရေပြားနှင့်အသား အရေကိုကျန်းမာ စေခြင်း၊အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ ကိုယ်ခံအား ကောင်းမွန်စေခြင်း၊သွားနှင့် သွားဖုံးကျန်းမာ စေခြင်း၊သွေးအားနည်းခြင်းမဖြစ်အောင်ကာကွယ်ပေးခြင်း၊သွေးတိုးရောဂါလျော့ချပေးခြင်း၊ ကြွက် သားအားနည်းမှုကို လျော့ချပေးခြင်း၊ မျိုးအောင်မှုကို အားကောင်းစေခြင်းနှင့် ဆီးလမ်း ကြောင်းပိုး ဝင်မှုကာကွယ်ပေးခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။ သခွားမွှေးသီးအား အသီးအတိုင်း စားသုံးခြင်း၊ အခြောက်ခံ ခြင်း၊ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင် ထည့်၍စားသုံး ကြောင်း သိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက် လာသည့်သစ်သီး များအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်း နှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လတတိယပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီး အရွယ်အစားအလိုက် စျေး အနည်းငယ်ကွာခြားမှုရှိ ကြောင်းသိရပါတယ်။ ပူပြင်းသောရာသီဖြစ်သည့် မတ်လတတိယပတ်အတွင်း မန္တလေးစျေးကွက် တွင် ရာသီစာသခွားမွှေးသီးများဝင်ရောက်မှုများပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)