
သစ်သီးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္ထီလာခရိုင်တို့မှ ထွက် သည့်ဖရဲသီးများ၊စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသတို့မှ လည်းဝင်ရောက် ကြောင်းသိရပါတယ်။ပြည်တွင်းစားသုံးမှုများပြားသကဲ့သို့ ပြည်ပတရုတ်နိုင်ငံ စျေးကွက်သို့ နှစ်စဉ် တင်ပို့လျက်ရှိသည့်ဖရဲသီးများအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဖရဲသီး (၇၈၀၀)ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ဖရဲသီးစားသုံးခြင်းဖြင့် ကျောက်ကပ် ကျန်းမာခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးပေါင်ချိန်မှန်စေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်ခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာ စေခြင်း၊ ကြွက်သားနာကျင်မှုကို ခုခံပေးခြင်း၊ပန်နာရောဂါကိုတိုက်ဖျက်ပေးခြင်း၊အပူရှပ်ခြင်း ကိုကာကွယ်ပေးခြင်း၊ ရေဓာတ်ဖြည့်စွမ်း ပေးခြင်း၊ အစာခြေမှုကောင်းမွန်စေခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။ ဖရဲသီးအားအသီးအတိုင်းစားသုံးခြင်း၊ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁လမ်း ကြား၊ ၈၄လမ်းနေရာရှိ သစ်သီး ပွဲရုံများသို့ဝင်ရောက်ကြောင်းသိရပါတယ်။ စျေးချို ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များနှင့်အခြားဒေသများသို့ ပြန်လည်ရောင်းချ လျက်ရှိ ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လတတိယပတ်အတွင်း ဖရဲသီးစျေးမှာ တစ်လုံးလျှင် အလုံးကြီး ၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ အလုံးလတ် ၃၅၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်၊ အလုံးသေး ၁၅၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ ၂၀၂၅ခုနှစ် မတ်လတတိယပတ်အတွင်း မန္တလေး သစ်သီးစျေးကွက်တွင် ရာသီဥတုပူပြင်းလျက်ရှိပြီး၊ ရာသီစာဖရဲသီးများ ဝင်ရောက်မှုများပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)