
မန္တလေးစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်စတော်ဘယ်ရီသီးများ မတ်လတတိယပတ် အတွင်း ဝင်ရောက်မှုများကြောင်း သိရပါတယ်။ ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးမှုအနေဖြင့် ဒေသ မျိုးစတော် ဘယ်ရီသီး (အလုံးသေး)အချဉ်အရသာ၊ စတော်ဘယ်ရီသီး(ထိုင်ဝမ်မျိုး ) အကြွပ် သီး အချဉ်အရသာနှင့် စတော်ဘယ်ရီသီး(ဂျပန်မျိုး)ချိုမွှေးအရသာရှိသည့်အသီးတို့စိုက်ပျိုးကြောင်း သိရ ပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ စတော်ဘယ်ရီသီးဝင်ရောက်မှုမှာပြင်ဦးလွင်ဒေသထွက်အသီး နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့မှထွက်ရှိသည့်အသီးများ ဝင်ရောက်ကြောင်း သိရပါတယ်။ စတော်ဘယ်ရီ သီးနှံအား သီးနှံအတိုင်းစားသုံးခြင်း၊ ယို၊ ဖျော်ရည်၊ဝိုင်၊ Jum ၊ ဂျယ်လီ၊ ချောကလက်၊ ရေခဲချောင်း၊ ဒိန်ချဉ် တို့နှင့်တွဲဖက်၍ စားသုံးခြင်းတို့အပြင် ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းတို့တွင်ထည့် သွင်းသုံး စွဲကြောင်း သိရပါတယ်။ စတော်ဘယ်ရီသီးကို နှီးခြင်းတောင်းငယ်များဖြင့် ထည့်၍ လည်း ကောင်း၊ပလပ်စတစ် ဗူးများဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်း၊ စက္ကူဂျပ်ဖာများဖြင့် လည်းကောင်း ပုံစံမျိုး စုံဖြင့် ရောင်းချကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ် မတ်လတတိယပတ်တွင် တစ်ပိဿာလျှင် ထိုင်ဝမ်မျိုးစတော်ဘယ်ရီ အချဉ်သီးလက္ကားစျေး ၉၀၀ဝိ/- နှင့်၁၀၀၀ဝိ/-စျေး၊လက်လီစျေး ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ ဂျပန်မျိုးစတော် ဘယ်ရီချိုမွှေးသီးလက္ကား စျေး ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊လက်လီစျေး ၁၄၅၀ဝိ/- နှင့်၁၆၀၀ဝိ/- တို့ ဖြစ်ပြီး၊ဒေသမျိုးအလုံးသေး စတော်ဘယ်ရီသီးနှီးခြင်း ၁၀ ခုလျှင် ၁၃၀၀ဝိ/-နှင့်၁၅၀၀ဝိ/-၊လက်လီစျေး ၁၅၀၀ဝိ/- နှင့် ၁၈၀၀ဝိ/- တို့ဖြင့် ရောင်းချကြောင်း သိရပါတယ်။ ပိုမိုပူပြင်းသည့်ရာသီရောက်ပြီဖြစ်၍ မန္တလေးစျေးကွက်တွင် ရာသီစာစတော်ဘယ်ရီသီးဝင်ရောက်မှုများပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)