
ပြည်ခရိုင်အတွင်းတွင်အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဘိလပ်မြေဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ဈေးများမြင့်တက်ခဲ့ရာ ကြံ့နီတစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ ALPHA တစ်အိတ်လျှင် (၂၆၀၀၀)ကျပ်၊ အပါချီ တစ်အိတ်လျှင် (၂၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဖေဖော်ဝါရီလဒုတိယပတ်တွင် ကြံ့နီ တစ်အိတ်လျှင် (၂၄၅၀၀)ကျပ်၊ ALPHA တစ်အိတ်လျှင် (၂၄၅၀၀)ကျပ်ဈေးဖြင့် အနည်းငယ်ကျဆင်းသွားခဲ့ပါသည်။ မတ်လပထမပတ်မှစ၍ ကြံ့နီတစ်အိတ် လျှင် (၁၉၀၀၀)ကျပ်၊ ALPHA တစ်အိတ်လျှင် (၁၇၀၀၀) ကျပ်နှင့် အပါချီတစ်အိတ်လျှင် (၁၇၀၀၀)ကျပ်အထိ ဈေးများဆက်လက် ကျဆင်းခဲ့ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးများခြင်းကြောင့် ဘိလပ်မြေဈေးများ မြင့်တက်ခဲ့ရာမှ ယခု အခါတွင် ရန်ကုန်ကုမ္ပဏီများမှ ဝင်ရောက်လာမှုများ လာသောအခါ ဘိလပ်မြေဈေးများမှာ ပြန်လည် ဈေးကျခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)