ခွေးတောက်ပင် (အသံထွက် ဂွေးတောက်ပင်)

Powered by Drupal

ခွေးတောက်ပင် (အသံထွက် ဂွေးတောက်ပင်)သည် သဘာဝ အလျောက်ပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစားဖြစ်ပြီး ပင်စည်လုံး၍ အခေါက်တွင် အညိုရောင်အဖုအစက်များ၊ မြောင်းလေးများ ပါရှိပါသည်။ အရွက်ကတော့ နှလုံးပုံရှိသည့် အကွက်များ   ရွက်ဆိုင်ထွက်ပြီး၊ ရွက်ထိပ်ချွန်ပါတယ်။ မြန်မာ နိုင်ငံအနှံ့အပြားတွင် အများအပြားတွေ့ရသည်။ အသီးသည် အတောင့်ဖြစ်၍ ကြက်သွေးရောင် ရှိသည်။ အရွက်ကို စိမ်းလဲ့လဲ့ အရောင်ရှိသော ဆိုးဆေးမျိုးလုပ်နိုင်၏။ ထိုဆိုးဆေးသည် ဆေးခိုင်သည့် လက္ခဏာ မရှိချေ။ ခွေးတောက်သားသည် ခိုင်မာ၍ လေးလံသည်။ ခွေးတောက်ရွက်သည် ခါးသက်သောအရသာ ရှိ၍ လူတို့ ချက်ပြုတ်စားသောက်ကြပါသည်။

          နှစ်ရင့်ခွေးတောက်ပင်များ အသီးသီးချိန်၌ ရင့်ချိန်တွင်ခူး၍ အစေ့ထုတ်ယူ၍ စိုက်ပျိုးနိုင် ပါသည်။ ခွေးတောက်ပင်ကို စီးပွားဖြစ် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်ပျိုးယူစိုက်ပျိုးခြင်း နည်းလမ်းများ ဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ သုံးလသားအရွယ်မှစ၍ အညွန့်များကို စတင်ခူးဆွတ် နိုင်ပြီး အညွန့်ထွက် မှုကောင်းလျှင် (၃)ရက်လျှင် တစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။ အညွန့်များထွက် စေရန် ခူးသည့်ချိန်၌ အောက်ခြေတွင်ရှိသော နှစ်တက်သုံးတက်လောက်ကို ချန်၍ညှပ်ပေးပါက အကိုင်းအခက် အများအပြား ထွက်လာပြီး အညွန့်များများရမည်ဖြစ်ပါသည်။ ယခုပြည်မြို့ရှိ ဈေးကွက်တွင် ခွေးတောက်ရွက်တစ်စည်း လျှင် အစည်းအကြီး/ အသေးပေါ်မူတည်၍ ကျပ် (၂၀၀) မှ ကျပ် (၃၀၀)အထိရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)