ပေါင်းတည်မြို့နယ်၌ မတ်ပဲတစ်ဧက စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

Powered by Drupal

ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်အတွင်းရှိ  နတ်တလင်း၊ ပေါင်းတည်၊ ဇီးကုန်း၊ သဲကုန်း မြို့နယ်များတွင်း ဆောင်းသီးနှံ ပဲမျိုးစုံကို စိုက်ပျိုးကြရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နတ်တလင်းခရိုင် အနေဖြင့် မတ်ပဲစိုက်ပျိုးမှု ၁၉၁၁၅၇-ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရေဆင်း-၄၊ ရေဆင်း-၅၊ ရေးဆင်း-၇၊ TBL – 9 မျိုးများကို စိုက်ပျိုးကြောင်း  သက်ဆိုင်ရာ ဦးစီး ဌာနက သိရပါသည်။

ပေါင်းတည်မြို့နယ် ဝဲကြီးကျေးရွာတွင် ရေဆင်း-၅ မျိုးကို စိုက်ပျိုးပြီး တစ်ဧက ကို   ၁၇တင်းနှုန်းခန့် ထွက်ရှိ၍ ယခုနှစ်တွင်ရာသီဥတု အခြေအနေကြောင့် ယခုနှစ်ကထက် အထွက်နှုန်း အနည်းငယ် လျော့နည်းခဲ့ကြောင်း စိုက်ပျိုးစရိတ်ကုန်ကျမှု အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ ချွေလှေ့ခ၊ အလုပ်သမားခ အပါအဝင်  စုစုပေါင်း ငွေကျပ် (၇၉၀၀၀၀) ကုန်ကျပါကြောင်း၊ ယခုနှစ်  သီးနှံပေါ်ချိန်တွင် မတ်ပဲ ပိဿာ (၂၀)တစ်တင်း ငွေကျပ် (၉၃၀၀၀)နှုန်းရှိသဖြင့် တစ်ဧကအကျိုး   အမြတ်အနေဖြင့် ငွေကျပ် (၇၉၁၀၀၀)ရရှိပါကြောင်းနှင့် ထွက်ရှိလာသော သီးနှံများကို ဒေသတွင်း ပွဲရုံများတွင်ရောင်းချကြောင်း မတ်ပဲစိုက် တောင်သူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)