အထက်မင်းလှမြို့၏ စတော်ဗယ်ရီသီးဈေးနှုန်းအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့ပေါ်ရှိ သစ်သီးမျိုးစုံရောင်းဝယ်ဖောက်ကားသည့် ဆိုင်များနှင့် ဇေယျာသီရိဈေးအတွင်း သစ်သီးရောင်းချသည့်ဆိုင်များတွင် ပြင်ဦးလွင်မြို့၊ မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ စတော်ဗယ်ရီသီးများ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။    

          ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် စတော်ဗယ်ရီသီး(အသေး)(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ (အလုံးကြီး)(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် စတော်ဗယ်ရီသီး(အသေး)(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ (အလုံးကြီး) (၁)ပိဿာ လျှင် ကျပ်(၁၄၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ လနှစ်လဈေးနှုန်းနှိုင်းယှဉ်ပါက စတော်ဗယ်ရီသီး (အသေး)(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ (အလုံးကြီး)(၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးနှုန်းကျဆင်း ၍အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စတော်ဗယ်ရီခင်းစိုက်ပျိုးရာဒေသများ၌ လှိုင်လှိုင်ထွက်ရှိနေသည့် အတွက် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။ နွေအခါရောက် လာသည့်အတွက် ဖျော်ရည်ဆိုင်များမှလည်း အဝယ်လိုက်သောကြောင့် စတော်ပယ်ရီသီးမှာ အရောင်းသွက်လျက်ရှိ ကြောင်းလည်း သိရသည်။

DOCA(မကွေး)