ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

Powered by Drupal

ဘားအံမြို့၊ မတ် လ ၂၀

          ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသော်လည်း ဈေးကွက်အတွင်းလှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

          ၂၀၂၅ခုနှစ် မတ်လ တတိယပတ်တွင် သံလွင်မြစ်ကမ်းနံဘေးရှိ ခရမ်းချဉ်သီးစိုက်ပျိုး တောင်သူ ဦးပလိုင်းက ခရမ်းချဉ်သီး တစ်ဧကလျှင် ၁၀၀ဂရမ်နှုန်း ပျိုးထောင်ရင် အပင်အရေအတွက် (၉၀၀၀ မှ ၁၀၀၀၀) ထိ ဝင်အောင်စိုက်ပျိုးနိုင်ကြောင်း ခရမ်းချဉ်သီး တစ်ပင်လျှင် (၃)ပိဿာမှ (၆)ပိဿာအထိ ထွက်နှုန်းရှိကြောင်းနှင့် ဦးပလိုင်း၏ စိုက်ခင်းဧက (၂)ဧက စိုက်ပျိုးထားကြောင်း နှင့် စိုက်ခင်းမှထွက်ရှိသော ခရမ်းချဉ်သီးများကို အကြီး၊ အသေး မခွဲခြားဘဲ လက်ကားဈေးနှုန်း (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်းပြောကြားခဲ့သည်။ ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ ယခုအခါတွင် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် (၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဖေဖော်ဝါရီနောက်ဆုံးအပတ်နှင့် မတ်လ တတိယအပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်ကျရခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ခင်းမှ လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောင်လာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

DOCA(ကရင်)