ဘားအံမြို့ရှိ ဈေးကောင်းရနေသော သံပရာသီး

Powered by Drupal

ဘားအံမြို့၊ မတ် လ၂၀

          ကရင်ပြည်နယ်ဘားအံမြို့ ၏ ဈေးကွက်အတွင်း ရာသီပေါ်သံပရာသီးများ ဈေးကောင်းရ လျက်ရှိကြောင်းသိရသည်။ သံပရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော သံပရာသီးများမှာ ဘားအံမြို့အနီးရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ ရေးမြို့နှင့် ထိုင်း တို့ဘက်မှ ဖြစ်သည်။ မြန်မာသံပရာသီး အိတ်ကြီးတစ်အိတ်လျှင် (၅၀၀,၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင် အလုံးရေ ၁၅၀၀ မှ ၁၇၀၀ ကြားအထိပါရှိသည်။ သံပရာသီးဈေးနှုန်းများမှာ သံပရာသီး အလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင် (၃၅၀)ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် (၂၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ယိုးဒယားသံပရာသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀) ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် (၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စိုက်တောင်သူများအနေဖြင့် မနှစ်ကထက် ဒီနှစ်တွင်ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိ ကြောင်း၊ သံပရာသီး၊ ရှောက်သီးများကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(ကရင်)