
ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ မတ်လ(၁၂)ရက်နေ့တွင် ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ပေါ်ဆန်းဆန် ( ၃၀၀ )အိတ်၊ ဧည့်မထဆန် ( ၂၇၀၀ )အိတ်၊ စုစုပေါင်းအိတ်အရေအတွက် ( ၃၀၀၀ )အိတ် တင်ပို့ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၏ ရည်ညွှန်းသတ်မှတ်ဈေးများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)