ထောပတ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးနှင့် သံလမ်းဈေးအတွင်းတွင်  ထောပတ် သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်း ကြပါသည်။

ယခုမတ်လအတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၈၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၁၀၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ထောပတ်သီးရောင်းချသူထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)