
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးတွင် ရာသီပေါ်သကြားသီးများကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာသကြားသီးများကို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။
သကြားသီးသည် အစိမ်းရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိပါသည်။ သကြားသီးသည် ဂျယ်လီလိုချိုချိုအိအိလေးအရသာရှိပြီး သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ တတိယပတ်အတွင်း သကြားသီး(၁)လုံးလျှင်(၆၀၀)ကျပ်၊ သကြားသီး(၃)လုံးလျှင် (၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)