
မြန်မာလူမျိုးများသည် အသီးအနှံများကိုချက်ပြုတ်၍သော်လည်းကောင်း၊ အတို့အမြှုပ် အဖြစ်သော်လည်းကောင်း နှစ်ခြိုက်စွာစားသုံးကြရာ အသီးအပြင်အရွက်အညွန့်များပါစားသုံးနိုင် သော ဘူးပင်သည်လည်း လူအများကြိုက်နှစ်သက်ပြီးစိုက်ပျိုးမှုများ၍ ဈေးကွက်ရောင်းပန်းလှသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ဘူးသီးကို ခရမ်းချဉ်သီးနှင့် ချဉ်ရည်ဟင်းချက်ပြုတ်၍ စားသောက်ခြင်း၊ ဘူးသီးနှင့်ပဲ၊ ပုဇွန်ခြောက်တို့နှင့်တွဲဖက်စားသုံးကြသလို ဘူးသီးနှင့်ကြက်သားရောပြီး ကြက်ဘူးသီး ဟင်းမှာ စားသုံးမှုများပြီး လူကြိုက်များသောဟင်းလျာတစ်မျိုးဖြစ်ပါသည်။ အကြော်ဆိုင်များတွင် လည်း ဘူးသီးကြော်မှာ လူကြိုက်များပြီး ရောင်းချမှုများသောအကြော်တစ်မျိုးဖြစ်ပါသည်။ မြန်မာ ဟင်းလျာများနှင့်အခြားစားသောက်ဖွယ်ရာများတွင် ဘူးသီးမှာထည့်သွင်းအသုံးပြုမှုများပြီး ကြိုက် နှစ်သက်သူများ၍ ရောင်းပန်းလှသော သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရောင်းချသူများအတွက်လည်း ဝင်ငွေရရှိစေပါသည်။ ဘူးပင်မှရရှိသော ဘူးညွှန့်များကိုလည်း ကြော်ချက်၍စားကြသလို တို့စရာ အဖြစ်လည်း စားသုံးကြပါသည်။ မြင်းခြံဈေးကွက်သို့ ကျေးရွာများမှစိုက်ပျိုးထွက်ရှိသော ဘူးသီးများ နှင့်ဘူးရွက်ဘူးညွန့်များဝင်ရောက်လျက်ရှိရာ ဘူးသီးတစ်လုံးလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ ၂၀၀၀/၃၀၀၀ ကျပ်၊ ဘူးသီးအနုမှာ (၄၀၀/၅၀၀) ကျပ်၊ ဘူးညွန့်တစ်စည်းလျှင် (၂၀၀) ကျပ်ဝန်းကျင် များဖြင့် ရောင်းပန်းသာလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)