
ပဲပင်ပေါက်သည်ရာသီမရွေးရောင်းချသော အစားအစာတစ်မျိုးဖြစ်ပြီး ပုံစံအမျိုးမျိုးဖြင့် ထည့်သွင်းစားသောက်ကြပါသည်။ ပဲပင်ပေါက်ပြုလုပ်ရာတွင် ပဲတီစိမ်းကို အပင်ဖောက်၍ ရောင်းချ ရပါကြောင်း၊ အပင်ဖောက်ရာတွင်လည်း အသစ်ပေါ်သော ပဲကိုအပင်ဖောက်၍မရဘဲ ပဲတီစိမ်း အဟောင်းကိုသာရွေးဝယ်ပြီး ပဲတီပင်ဖောက်ကြရကြောင်းသိရှိရပါသည်။ ပဲပင်ပေါက်ကို ကန်စွန်း ရွက်နှင့်ရောကြော်စားခြင်း၊ ပဲပင်ပေါက်အချဉ်သိပ်၍ ပဲပင်ချဉ်ပြုလုပ်၍လည်းကောင်း၊ ပဲပင်ပေါက်ကို ဟင်းရည်အမျိုးမျိုးတွင်ထည့်၍ စားသောက်ခြင်းဖြင့်လည်းကောင်း၊ အသုပ်စုံများတွင် ထည့်၍လည်း ကောင်း စားသုံးကြပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ စံပြဈေးတို့တွင် ရောင်းချလျက်ရှိသော
ပဲပင်ပေါက်ဈေးနှုန်းမှာ (၂၅) ကျပ်သားလျှင် (၇၀၀) ကျပ်ရှိပြီး တစ်ပိဿာလျှင် (၂၅၀၀) ကျပ် ရှိကြောင်းသိရသည်။
DOCA(မန္တလေး)