ထားဝယ်မြို့၏ မုန်ညင်းထုပ်စျေးနှုန်း

Powered by Drupal

          မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး  မြန်မာနိုင်ငံတွင်လည်း ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။                        ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူ များအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသော သီးနှံပင်တစ်မျိုးလည်း ဖြစ်ပါသည်။

          ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျစျေးများ၊ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် ရောင်းချနေ သောဈေးနှုန်းများအရ မုန်ညင်းထုပ်တစ်ထုပ်လျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ် ခန့်ရှိကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)