ချောက်မြို့နယ်ကျေးရွာအရောက် အသိပညာပေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး (၁၁.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဂွေးပင်လေးကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌လည်းကောင်း၊ (၁၃.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် တုံရွာဓမ္မာရုံ၌လည်းကောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ကြပြီး  ၎င်းကျေးရွာရှိ အိမ်ဆိုင်များတွင်လည်း စားသုံးရန်မသင့်တားမြစ်ထားသောအစားအစာများ၊ သက်တမ်းလွန်နှင့် မှိုတက်နေသောအစားအစာများ၊ စားသုံးသူကာကွယ်‌ရေး ဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သောအစားအစာများ ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိအား အဖွဲ့ဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          ချောက်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့် အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)မှ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသော Consumer Information & Complaint Center (CICC)သို့ လည်းကောင်း ၊ MPT Sim Card အသုံးပြုသူများအနေဖြင့် 09-765481535 သို့လည်းကောင်း၊ Mytel Telenor, Oreedoo Sim Card အသုံးပြုသူများအနေဖြင့် 1535 သို့ခေါ်ဆိုတိုင်ကြားနိုင်သလို စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော  www.doca.gov.mm သို့လည်းကောင်း၊ မြို့နယ်တာဝန်ခံများထံလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

DOCA(မကွေး)