
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများသည် ကျုံပျော်မြို့နယ်၊ ပဲ၊ နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် သွားရောက် တွေ့ဆုံ၍ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပတ်သတ်၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား လေ့လာစုံစမ်းခဲ့ ပါသည်။
ကျုံပျော်မြို့နယ် ပဲ၊ နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌမှ ယခုနှစ်တွင် လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ မတ်ပဲ (၁) တင်းလျှင် (၉၆၅၀၀) ကျပ်မှ (၉၇၀၀၀) ကျပ်နှင့် ပဲတီစိမ်း (၁) တင်းလျှင် (၁၁၀၀၀၀) ကျပ်မှ (၁၁၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ ရန်ကုန်ပွဲရုံအရောက်တွင် မတ်ပဲ (၁) တင်းသည် (၉၉၂၀၀) ကျပ်နှင့် ပဲတီစိမ်း (၁) တင်းလျှင် (၁၂၀၀၀၀) ကျပ်ထိ တင်ပို့နေကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)