
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက် ရှိကြောင်း ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရသည်။ ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် မှ အဓိက တင်သွင်းရောင်းချလျက်ရှိပြီး ယခင်ရက်များက တစ်ပိဿာလျှင် ကျပ် (၂၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် (၈၀၀) မှ (၁၀၀၀) ဝန်းကျင်အထိသာ ဈေးနှုန်းရှိကြောင်း သိရသည်။
"ရှမ်းပြည်နယ်က ဂေါ်ဖီထုပ်တွေ အများကြီးဝင်လာတော့ ဈေးကွက်ထဲမှာ ဂေါ်ဖီထုပ်တွေ ပေါနေ တယ်။ အရင်က တစ်လုံးကို ၁၅၀၀ လောက်ထိ ရောင်းရတယ်။ အခုတော့ ၅၀၀ ကနေ ၈၀၀ လောက်ပဲ ရောင်းရတော့တယ်" ဟု ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူ တစ်ဦးက ပြောသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းမှုကြောင့် ဝယ်ယူစားသုံးသူများအတွက် အဆင်ပြေစေသော်လည်း ရောင်းချသူများ အတွက် အရှုံးပေါ်ကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
DOCA(ဧရာဝတီ)