
ဈေးကွက်လိုအပ်ချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ မွေးမြူ ထွက်ရှိလာသော ပန်းကဏန်းများကို ရန်ကုန်ဈေးကွက်သို့တင်ပို့မှုမှာ တိုးတက်လာနေပြီ ဖြစ် ကြောင်း သိရှိရပါတယ်။ ၂၀၁၅ ခုနှစ် ဇန်ဝါရီလအတွင်း၌ ပန်းကဏန်းပတင်ပို့မှုပမာဏ ၅၅၀၀၀ ပိဿာချိန်၊ ဖေဖော်ဝါရီလအတွင်း၌ ပန်းကဏန်းတင်ပို့မှုပမာဏ ၇၅၀၀၀ ပိဿာချိန် နှင့် မတ်လအတွင်း၌ ပန်းကဏန်းတင်ပို့မှုပမာဏ ၈၅၀၀၀ ပိဿာချိန် အထိ တိုးတက်တင်ပို့မှုများ ဆောင်ရွက်နေရပါတယ်။ ဈေးကွက်တွင်ရှိသော ပန်းကဏန်းများ၏ ပေါက်ဈေးမှာ ၁၀ ပိဿာချိန်လျှင် ငွေကျပ် ၈၅၀၀၀ အထိ ရှိနေပါတယ်။ ပန်းကဏန်း ဈေးကွက် ကောင်းမွန် လာမှုကြောင့် မော်လမြိုင်ကျွန်းရှိ ရေလုပ်ငန်းရှင်များသာမက ကုန်သည်များနှင့် ကုန်တင်ကား အငှား လုပ်ငန်းရှင်များအထိ အလုပ်အကိုင်များရရှိနေပြီး အကျိုးအမြတ်များစွာ ရရှိနေပြီ ဖြစ်ကြောင်း သိရှိရသမျှ ရေးသားတင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)