
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှသဘာဝအတိုင်း ဖမ်းယူရရှိသော ဂုံးစိမ်းများ ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုသည်ယခုနှစ်တွင် သိသာစွာတိုးတက်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ခုံးစိမ်းပိဿာချိန် ၅၅,၀၀၀ ခန့်သာရောင်းချနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလ အတွင်းတွင် တင်ပို့ရောင်းချမှု ပမာဏက ဂုံးစိမ်းပိဿာချိန် ၈၂,၀၀၀ ထိ တိုးတက် လာခဲ့ခြင်းဖြစ်ပါတယ်။ ဂုံးစိမ်းအပေါ် စျေးကွက်တောင်းဆိုမှု တက်လာခြင်းကြောင့် လပွတ္တာ မြို့နယ်ဒေသခံ ရေလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာကာ ဝင်ငွေများလည်းတိုးပွားလာခဲ့ပါတယ်။ “ဂုံးစိမ်းတွေ အဝယ်လိုက်နေကြပါတယ်။ ပြည်တွင်း ဈေးကွက်မှာ အရောင်းအဝယ်ကောင်းမွန်လာတာကြောင့် လုပ်သားတွေနဲ့ကုန်သည်တွေ အလုပ် အကိုင်အခွင့်အလမ်းတွေ ရလာနေပါတယ်” လို့ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့် ထံမှလည်း သိရှိရပါတယ်။
ဒေသအတွင်း ဂုံးစိမ်းတင်ပို့မှု မြင့်တက်လာခြင်းကြောင့် ရေလုပ်သားများအတွက် အလုပ် အကိုင် အခွင့်အလမ်းများ များပြားလာယုံသာမက ထုပ်ပိုးလုပ်သားများ၊ သယ်ယူပို့ ဆောင် ရေးလုပ်သားများ၊ စျေးရောင်းသူများအတွက်လည်း ဝင်ငွေတိုးလာစေခဲ့ပါတယ်။ ဒေသခံ အသေးစား စီးပွားရေးလုပ်ငန်းများအတွက်လည်း ဤလုပ်ငန်းကဏ္ဍက အားကောင်းသော အခွင့် အလမ်းတစ်ခုဖြစ်လာစေနိုင်ပါတယ်။ ထို့အပြင် ဂုံးစိမ်းများသည် အနာဂတ်တွင် ပြည်ပဈေးကွက်များသို့လည်း တင်ပို့နိုင်သည့် ထုတ်ကုန်အဖြစ် ရပ်တည်လာစေနိုင်သောကြောင့်
ယနေ့ဂုံးစိမ်းတင်ပို့မှု တိုးလာမှုသည် လပွတ္တာဒေသအတွက် အရေးကြီးသော စီးပွားရေးအခွင့် အလမ်းတစ်ခုဖြစ်လာစေပါတယ်။
DOCA(ဧရာဝတီ)