ဟင်္သာတဒေသထွက် မိကျောင်းကွမ်းဖတ်များ အရောင်းသွက်နေ

Powered by Drupal

ဟင်္သာတမြို့နယ်၏ ဒေသထွက်ကုန်ဖြစ်သော မိကျောင်းကွမ်းဖတ် (Betel Leaf)များကို ယခင်လ ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ၅၀,၀၀၀ ပိဿာခန့်ကိုသာ ရန်ကုန်ဈေးကွက်သို့ တင်ပို့နိုင်ခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ၇၃,၀၀၀ ပိဿာ ခန့်ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့သဖြင့် တင်ပို့မှုပမာဏမှာ ၄၆ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပါတယ်။ ဈေးကွက်လိုအပ်ချက်များအရ “မိကျောင်းကွမ်းဖတ်များကို ရန်ကုန် ဈေးကွက်သို့ အပြင် အခြားသောဈေးကွက်များထံသို့လည်း တင်ပို့နေရကြောင်း သိရှိရပါတယ်။ မိချောင်းကွမ်းဖတ်ကို ဟင်္သာတမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းလှမ်းနှင့် နီးစပ်သော ကျေးရွာများ တွင် အများဆုံးစိုက် ပျိုးကြပြီး တစ်ဧကလျှင် ၁၇ တင်းမှ ၂၄ တင်း အထိ ထွက်ရှိနိုင်ကြောင်း နှင့် ပျမ်းမျှ တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ အထိ ရောင်းချနိုင်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

DOCA(ဧရာဝတီ)