မနောသုခစပါး ၆၆,၀၀၀ တင်းရေအား အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော မနောသုခစပါးများကို ဇန်နဝါရီလအတွင်း၌ ရန်ကုန်ဈေးကွက်သို့ တင်းရေး ၄၅,၀၀၀ သာ တင်ပို့ရောင်းချနိုင် ခဲ့သော် လည်း ဖေဖော်ဝါရီလအတွင်း တင်းရေ ၆၆,၀၀၀ ပမာဏကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ခဲ့သဖြင့် တင်ပို့ရောင်းချနိုင်မှု ပမာဏမှာ ၄၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါ တယ်။ ဖေဖော်ဝါရီလအတွင်း၌ မနောသုခစပါး တင်းရေ ၁၀၀ လျှင် ကျပ် ၁၆၇၀,၀၀၀ အထိ ပေါက်ဈေးရှိပြီး တင်ပို့မှုများမှာလည်း အခက်အခဲမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)