ဓနုဖြူမြို့နယ်ရှိ ခရမ်းကြွပ်သီးစိုက်ပျိုးရေးလုပ်ငန်း တိုးတက်လာမှု

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် သင့်တော်သောဒေသတစ်ခုဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ တောင်သူများသည် သီးနှံ အမျိုး မျိုးကို စိုက်ပျိုးလျက်ရှိသည့်အနက် ခရမ်းကြွပ်သီးစိုက်ပျိုးရေးလုပ်ငန်း သည်လည်း တိုးတက် အောင်မြင်လာနေပြီ ဖြစ်ပါတယ်။ ယခင်က ခရမ်းကျွတ်သီးများကို မိသားစု စားသုံးရန်အတွက်သာ စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် ဈေးကွက်ဝယ်လိုအား မြင့်တက်လာသည့်အတွက် စီးပွားဖြစ် စိုက်ပျိုးခြင်းများကိုပါ ဆောင်ရွက်လာကြပြီ ဖြစ်ပါတယ်။ ဓနုဖြူမြို့နယ်တွင် နှစ်စဉ်အားဖြင့် ခရမ်းကြွပ်သီး စိုက်ပျိုး ဧကပေါင်း ၆,၅၇၉ ခန့်ရှိ သီးမျိုးအနေဖြင့် ပဒေသာခရမ်းကြွပ် (ထိုင်ဝမ်မျိုး) ကို ပုံမှန်အသုံးပြုကြကာ ပေါင်ခတ်နည်းဖြင့် အတန်းလိုက် စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြပါတယ်။

အဆိုပါခရမ်းကြွပ်သီးစိုက်ပျိုးလုပ်ငန်းတွင် တစ်ဧကလျှင်မျိုးစေ့၊ သွင်းအားစု၊ ဓာတ် မြေဩဇာ နှင့် လုပ်သားခများအပါအဝင် ကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းခန့် ဖြစ်ပြီး စိုက်ပျိုး မှုကို နိုဝင်ဘာလအတွင်း စတင်ကြောင်း သိရှိရပါတယ်။ စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် သီးများစတင်ပေါ်ထွန်းလာသဖြင့် ထိုသီးများကို ငါးရက်ခြား တစ်ကြိမ်စီ ခူးယူရပြီး အသီးကုန် ချိန်အထိ စုစုပေါင်း ငါးလခန့် ဆက်လက်ခူးယူရနိုင်ပါတယ်။ တစ်ဧကစိုက်ပျိုးမှုအပေါ်မူတည်၍ အသီးအရေအတွက် ၈၀,၀၀၀ ခန့် ထွက်ရှိနိုင်ပပါတယ်။ ထွက်လာသောအသီးများကို ဒေသခံကုန်စိမ်းပွဲစားများထံသို့ ရောင်းချကြကြပြီး ပွဲစားများက ရန်ကုန်မြို့သို့ တင်ပို့၍ ပြန်လည်ရောင်းချကြပါတယ်။ ခန့်မှန်းအားဖြင့် တစ်ဧကလျှင် ရရှိသော ဝင်ငွေမှာ ကျပ် ၃၅ သိန်းမှ ၄၀ သိန်းအထိ ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

ခရမ်းကြွပ်သီးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်နည်း၍ အကျိုးအမြတ်ကောင်းရသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးဧက တဖြည်း ဖြည်း တိုးချဲ့လာကြပြီး နည်းပညာအသစ်များကို အသုံးပြုကာ စိုက်ပျိုးလာကြပါတယ်။ ထို့ ကြောင့် ခရမ်းကြွပ်သီးစိုက်ပျိုးရေးလုပ်ငန်းသည် ဓနုဖြူမြို့ဒေသခံတောင်သူများအတွက် ဝင်ငွေ မြှင့်တင်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့တွင် အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ် တည်ရှိ လာနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)