
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင်ဖီကြမ်းငှက်ပျောစိုက်ပျိုးမှုဟာ တဖြည်းဖြည်းနဲ့ ထင်ရှား လာနေပါတယ်။ မအူပင်ခရိုင်တွင် စိုက်ပျိုးနေသော ငှက်ပျောဧက စုစုပေါင်း ၃,၇၅၀ ဧကရှိပြီး၊ ထွက်ရှိသည့်ငှက်ပျောများကို မြို့နယ်အတွင်းဈေးကွက်များအပြင် ရန်ကုန်မြို့သို့ပါ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ မြန်မာပြည်သူများအတွက် မဖြစ် မနေလိုအပ်သော ဖီကြမ်းငှက်ပျောစိမ်း အမျိုးအစားများကို မအူပင်ခရိုင်တွင် အဓိက စိုက်ပျိုး ကြခြင်းပင် ဖြစ်ပါတယ်။ ငှက်ပျောအား မစိုက်ပျိုးခင်(၂)လကြိုတင်၍ စိုက်ပျိုးမည့်နေရာသည် ရေစီးဆင်းမှုကောင်းစေရန် နှင့် မြေသားထူစေရန်အတွက် မြေဆွေးများထည့်ကာ မြေပြင်ခြင်း များကို ဆောင်ရွက်ရပါတယ်။ ၂၀၂၁ ခုနှစ်က စတင်၍ မျိုးပင်တစ်ပင်ကို ကျပ် ၅၀၀ ဖြင့် ဝယ်ယူကာ စိုက်ပျိုးလာကြပြီး တစ်ဧကဝက်တွင် အနည်းဆုံး ၅၀၀ပင် စိုက်ကြသည်။ ၁ဧက စိုက်ပျိုးရာတွင် ကုန်ကျစရိတ်ပမာဏမှာ ကျပ် ၂၀၀၀၀၀၀ ခန့်ရှိပြီး စိုက်ပြီး ၆ လအကြာတွင် အဖူးထွက်လာကာ ထပ်ပြီး ၇ လအကြာတွင် ငှက်ပျောအခိုင်များရရှိလာပါတယ်။ ထွက်ရှိသော အခိုင်ပမာဏသည် တစ်ဧကလျှင် ၃၅၀ ခန့်ရှိပြီး၊ တစ်ခိုင်လျှင် ၆ ဖီးမှ ၉ ဖီး အထိ ထွက်ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် တစ်ဧကတွင် အဖီး၂၁၀၀ မှ ၃၁၅၀ အထိ ရရှိနိုင် သော ကြောင့် တောင်သူများအတွက် တစ်နှစ်တာအတွင်း အနည်းဆုံး ငွေ ၄၂၅၀၀၀၀ ကျပ်ထိ အမြတ်အစွန်းရရှိနိုင်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လအခြေအနေအရ လက်ကားဈေးဖြင့် ငှက်ပျော တစ်ဖီးကို ကျပ် ၂၀၀၀ ဖြင့်ရောင်းချနိုင်ပြီး၊ တစ်ခိုင်ပေါ်မှ ပျမ်းမျှဝင်ငွေက ကျပ် ၁၅၀၀၀ ခန့်ရရှိနိုင်တယ်လို့လည်း သိရှိရပါတယ်။ စိုက်ပျိုးထွက်ရှိလာသော ဖီးကြမ်းငှက်ပျောများကို စည်ပင်သာယာ အခွန်လွတ် ဈေးများထံသို့ တင်ပို့ရောင်းချသည့်အပြင် ကုန်သည်များကလည်း ငှက်ပျောခြံများထိ လာရောက်၍ ဝယ်ယူလာကြပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)