
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၌ ဒေသအတွင်းမွေးမြူထားတဲ့ တီလား ဗီးယားငါး အရောင်းအဝယ်ဈေးကွက် မြင့်မားလာနေခြင်းကြောင့် ဒေသအတွင်း စီးပွားရေး အဆင်ပြေနေတယ်လို့လည်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တီလားဗီးယားငါးများကို မတ်လအတွင်း၌ တစ်နေ့လျှင် ပိဿာ ၇၀၀ မှ ၁၅၀၀ အထိ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် တင်ပို့ ရောင်းချနေရပါတယ်။ တီလားဗီးယားငါးသည် အရိုးမျှင်လေးများနည်း ပြီး အသားများ ကာ အရသာရှိလှသည့်အတွက် သုံးစွဲသူများ၏ စားသုံးဆန္ဒများအလျှောက် ဈေးကွက် တောင်း ဆိုမှု တိုးတက် လာနေသော ငါးအမျိုးအစား ဖြစ်ပါတယ်။ တီလားဗီးယားငါးသည် ရေချိုတွင် မွေးမြူ နိုင်သောငါးအမျိုးအစားဖြစ်ပြီး ကြီးထွားမှုနှုန်းမြန်ဆန်ခြင်း နှင့် အထူးတလည် ဂရုစိုက် မွေးမြူ ရခြင်း တို့မရှိသည့်အတွက် ဝင်ငွေမြန်ဆန်စွာရရှိတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါ တယ်။ တီလားဗီးယားငါးကို မွေးမြူပြီးပါက သက်တမ်းအနေဖြင့် နှစ်လမှ သုံးလအတွင်း ကြီးထွားလာပြီး ဈေးကွက်အတွင်းသို့ ရောင်းချနိုင်သော အရွယ်အစားသို့ ရောက်ရှိပါတယ်။ တီလားဗီးယားငါး တစ်ပိဿာဈေးနှုန်းမှာလည်း လက်ရှိတွင် ကျပ် ၉,၈၀၀ ထိ ရှိနေတယ် လို့ လည်း မွေးမြူရေးလုပ်ငန်းရှင်များ ထံမှလည်း သိရှိရပါတယ်။ ဘိုကလေးမြို့ရဲ့ တီလားဗီးယားငါး မွေးမြူရေး လုပ်ငန်းသည် ရင်းနှီးမြုပ်နှံငွေများကို အချိန်တိုအတွင်း ဝင်ငွေပြန်လည်ရရှိ လာအောင် ဖန်တီး ပေးနိုင်သော လုပ်ငန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)