စားအုန်းဆီ သိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်း

Powered by Drupal

            ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၄.၆.၂၀၂၂) ရက်နေ့ နံနက်၉နာရီခွဲအချိန်တွင် စစ်တွေမြို့၊လမ်းမတော်မြောက်ရပ်ကွက်ရှိ ဦးသန်းရွှေ (ရွှေတံခါးကုမ္ပဏီလီမိတက်) အမ်ဗွီအောင်ရတနာသင်္ဘောပေါ်ရှိ ကုန်ပို့ကိုယ်စားလှယ်နှင့် ဝန်ထမ်းများအားလည်းကောင်း၊ နေ့လည်(၁)နာရီအချိန်တွင် လမ်းမတော်မြောက်ရပ်ကွက်ရှိ ဦး‌အောင်ကျော်ဇံ(အောင်ဇေကမ္ဘာကုမ္ပဏီလီမိတက်) စားသုံးဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလည်းကောင်း ပြည်သူ့ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများ သုံးစွဲနိုင်ရေးအတွက် စားသုံးဆီများဖြန့်ဖြူးသယ်ဆောင်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

           ထိုသို့ဆွေးနွေးရာတွင်ခရိုင်ဦးစီးမှူးက ရန်ကုန်မှ စားသုံးဆီများထုတ်ယူ/သယ်ယူတင်ပို့ရာတွင် အဝါရောင် Food Grade Clean Drum များဖြင့်သာ ထုတ်ယူ/သယ်ယူတင်ပို့ရန် ၊ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသော Drum များတွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်းမပြုရန်၊ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရာတွင်Food Grade(New Drum/Clean Drum/Jerry Con/Consumer Pack) များ အသုံးပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ (၂၂.၄.၂၀၂၂)ရက်နေ့ စားအုန်းဆီသယ်ယူတင်ပို့ခြင်းနှင့် ပတ် သက်၍ အသိပညာ‌ပေးကြေညာချက်အား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး လက်ဆင့်ကမ်းဖြန့်ဝေပေးခဲ့ကြောင်း၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ရက်နေ့ ညွှန်ကြား ချက်အမှတ်(၁/၂၀၂၁)ပါ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို ဟင်းသီးဟင်ရွက်ဆီအစား (စားအုန်းဆီ)သို့မဟုတ် (အဆင့်မြင့်စားအုန်းဆီ)စသည်ဖြင့် မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော (ပိဿာ/ကျပ်သား)ဖြင့် ဖော်ပြထားသော စားအုန်းဆီများအား သယ်ယူ ဖြန့်ဖြူးရောင်းချစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)