
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပြီး ငရုတ်၊ကြက်သွန်သီးနှံများအပြင် ပဲကျားသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည် ။ ခရိုင်အတွင်းရှိ မြစ်သားမြို့နယတွင် ပဲကျား(ဆောင်း)စိုက်ဧက(၃၃၁)ဧကစိုက်ပျိုးထားရှိပြီး မတ်လဆန်းမှစတင်၍ ပဲကျား(ဆောင်း)သီးနှံများအားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏စာရင်းများအရသိရှိရပါသည်။ပဲကျား(ဆောင်း)သီးနှံ(၁)ဧက ကုန်ကျစရိတ်အနေဖြင့်(၂၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျခဲ့ပြီးအထွက်နှုန်းအနေဖြင့် အထွက်စုစုပေါင်း(၁၂-၁၃)ခန့်ထွက်ရှိကြောင်း၊အများဆုံး စိုက်ပျိုးသောရွာများမှာ မကျီးကန်၊တောင်တွင်းနှင့်ညောင်ဝန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြ ပြီးစိုက်ပျိုးမှုတွင် အစေ့ချထယ်ဖုံးစနစ်ဖြင့်စိုက်ပျိုးကြကြောင်း၊ ယခုလက်ရှိ ပဲကျား ပေါက်စျေးအနေ ဖြင့်တစ်တင်းလျှင်(၆၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် တောင်သူ များမှကျောက်ဆည်၊မြစ်သား၊ကူမဲမြို့များရှိပွဲရုံများသို့တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှ တစ်ဆင့် ရန်ကုန်၊မန္တလေးမြို့များသို့တင်ပို့ရောင်းချလျှက်ရှိကြောင်း ပဲကျားသီးနှံကို ပဲကျားလှော်ရန် အတွက် ပဲလှော်ဖိုများမှလည်း လာရောက်ဝယ်ယူကြကြောင်း၊ပဲကျားလှော်(၁)ပိဿာလျှင်(၆၀၀၀/-) ကျပ်ရှိကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်၊လုပ်သားခများနုတ်ပြီးပါက (၅၂၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ပဲကျားသီးနှံသည် စျေးကွက်ဝယ်လိုအားရှိသဖြင့် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)