
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပြီး ရာသီးအလိုက်သီးနှံများလည်းစိုက်ပျိုးလျှက်ရှိပါသည် ။ စိုက်ပျိုးသောသီးနှံများအနက်မှ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ဝယ်လိုအားရှိသော ကြက်သွန်ဖြူသီးနှံကိုလည်း စိုက်ပျိုးလျှက်ရှိပါသည် ။ ကြက်သွန်ဖြူသီးနှံကို ခရိုင်အတွင်း စိုက်ပျိုးဧက(၂၂၈)ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ကျောက်ဆည်မြို့နယ်တွင် အများဆုံးစိုက်ပျိုးကြ ပြီး စိုက်ပျိုးသောရွာများမှာ သိုတန်၊ဆင်းကွတ်၊စမာကျေးရွာများတွင် အများဆုံစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသောမျိုးများမှ ဗမာဖြူမျိုးများဖြစ်သည်။(၁)ဧက မျိုးပိဿာ(၆၀)စိုက်ပျိုးရကြောင်း၊ စိုက်ပျိုး ချိန်တွင် မျိုး(၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်ပေးဝယ်ခဲ့ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင်စုစုပေါင်း (၁၅၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ကြက်သွန်ဖြူ အထွက်နှုန်းအနေဖြင့် ပိဿာ(၁၀၀၀)အထိထွက်ရှိခဲ့ပြီး ကြက်သွန်ဖြူ အကြီး(၁)ပိဿာ လက်လီ(၈၀၀၀/-)ကျပ် ၊ အလတ်(၇၀၀၀/-)ကျပ် ၊ အသေး(၆၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိ ကြောင်း၊ကြက်သွန်ဖြူများကို အိမ်အရောက်လာရောက်ဝယ်ယူကြကြောင်း၊ပွဲစားများမှ စျေးများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း၊ကြက်သွန်ဖြူစျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူ များအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်၊လုပ်သားခနှုတ်ပြီးပါက သိန်း(၅၀)ကျော်မြတ်ကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)