“နနွင်းစျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          ကျောက်ဆည်ခရိုင်တွင် ၂၀၂၅ခုနှစ် ၊ နနွင်းစိုက်ဧက(၁၉၁၅)ဧက စိုက်ပျိုးပြီး (၁၈၈၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နနွင်းများကို ကျောက်ဆည်ခရိုင်အတွင်း ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ တူးဖော်လျှက်ရှိရာ ယခုအချိန်တွင် နနွင်းများလှိုင်လှိုင်ထွက်ပေါ်လျှက်ရှိပါသည် ။ နနွင်းများ စတင်တူးဖော်ချိန်တွင် စျေးများကောင်းမွန်လျှက်ရှိပြီး နနွင်းအစိုတောဝယ်(၂၅)တင်းလျှင်(၅၃၀၀၀၀/-)ကျပ်၊နနွင်းအခြောက် (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုနှစ် ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ပထမပတ် တွင် နနွင်းအစိုတောဝယ်(၂၅)တင်းလျှင်(၃၅၀၀၀၀/-)ကျပ်၊ နနွင်းအခြောက်(၁)ပိဿာလျှင်(၃၆၀၀/-) ဖြင့်သာရောင်းဝယ်ခဲ့ရကြောင်း၊ ယခုနှစ် ပေါ်ဦးပေါ်ဖျားတွင် နနွင်းစိုက်တောင်သူများစျေးကောင်းရရှိ သဖြင့်အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊ယခုမတ်လဆန်းတွင် နနွင်းတက်စျေး အနည်းငယ် ကျဆင်းခဲ့ကြောင်း၊စျေးနှုန်းများကျဆင်းရခြင်းမှာ နနွင်းများဖြိုင်ဖြိုင်ထွက်ပေါ်ခြင်းကြောင့်ဖြစ်ကြောင်း၊ ယခုလက်ရှိပေါက်စျေးအနေဖြင့် နနွင်းအစိုတောဝယ်(၂၅)တင်းလျှင်(၅၀၀၀၀၀/-)ကျပ်၊နနွင်းအခြောက် (၁)ပိဿာလျှင်(၉၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊နနွင်းမှုန့်(၁)ဗူးလျှင်(၂၀၀၀/-)ကျပ် ဖြင့်ရောင်းဝယ်လျှက်ရှိပြီး ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ အခင်းထဲအရောက်လာရောက်ဝယ်ယူ ပြီးနနွင်းအစိုများကို ရေနွေးဖျော၊အခြောက်ခံကာ မြို့ပေါ်ပွဲရုံများသို့ ပြန်လည်သွားရောက်ရောင်းချ ကြောင်း၊တစ်ချို့နနွင်းပွဲစားများမှ နနွင်းတက်အခြောက်များကိုလှောင်ထားပြီး စျေးနှုန်းများမြင့်တက် ချိန်မှထုတ်ရောင်းကြကြောင်း၊နနွင်းတက်များကို ပွဲရုံများမှတစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)