“မုန့်ညင်းစိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဉတုရှိပြီး နှစ်ရှည်သီးနှံ များ၊ သီးပင်စားပင်များစိုက်ပျိုးဖြစ်ထွန်းသော မြို့တစ်မြို့ဖြစ်ပါသည်။ မုန့်ညင်းပင်သည် ရာသီမရွေးစိုက်ပျိုး နိုင်ပြီးအအေးပိုင်းဒေသတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ပြင်ဦးလွင်ရှိကျေးလက်ဒေသခံ ပြည်သူများ စိုက်ပျိုးသော မုန့်ညင်းစိမ်း၊မုန့်ညင်းဖြူ၊ကြက်စိပ်မုန့်ညင်းနှင့်ဇွန်းမုန့်ညင်းစသည်ဖြင့် အိမ်ဝိုင်း၊ခြံဝိုင်း များတွင်တစ်နိုင်တစ်ပိုင်မှစီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ဒေသခံများအနေဖြင့် အရင်းအနှီးနည်းပြီး မိသားစုဝင်ငွေရသော မုန့်ညင်းအမျိုးအစားများထဲ့မှ မုန့်ညင်းစိမ်းကိုစိုက်ပျိုး လုပ်ကိုင်ကြခြင်းမှာ လည်းတစ်ခုအပါအဝင်ဖြစ်သည် ။ မုန့်ညင်းစိမ်းကို မိုးအကုန်‌ဆောင်းဦးကာလများတွင် စိုက်ပျိုးပြီး နွေရာသီအထိလှိုင်လှိုင်ပေါ်ပါသည်။ မစိုက်ပျိုးမှီ(၃-၄)ရက်အလို မြေပြုပြင်၍ နွားချေး၊မြေဆွေးများ ထည့်၍ထွန်ရေးကောင်းသည်အထိပြုပြင်ရပါသည်။ မြေပွကြိုက်သောအပင်မျိုးဖြစ်ပါသည်။  ပင်ကြီး

မျိုးကို တစ်ပင်နှင့်တစ်ပင်(၁)ပေခြား၍ စိုက်ပျိုးပြီး အစေ့မှအပင်ပေါက်ရန်    (၅-၆)ရက် ကြာတက်ပြီး စိုက်ပျိုးပြီးချိန်မှ(၂၅-၃၀)ရက်ကြာလျင် စတင်ခူးဆွတ် စားသောက်နိုင်ပါသည် ။ အရွယ်ရောက်သော အပင်များကို သန့်စင်စွာရေဆေးပြီး ရောင်းချနိုင်ပါသည်။ မုန့်ညင်းရွက်အရင့်များကို အချဉ်တည်ရန် အသုံးပြုပါသည်။ (၁)ဧကလျင် မျိုးစေ့(၃-၅)ပေါင် စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ သွင်းအားစု  စုစုပေါင်း(၁၅)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့်(၂၅-၃၀)သိန်းခန့်ရရှိပါသည် ။ မုန့်ညှင်းစိမ်းကို အချဉ်ရည်ဟင်း၊မုန့်ညင်းပေါင်း၊ဟင်းရွက်ကြော်အပြင်၊ နှစ်သက်ရာအသားတစ်မျိုးမျိုး ဖြင့်ကြော်ပြီးစားသုံးနိုင်ပါသည် ။ မုန့်ညင်းစိမ်းတွင် ကိုလက်စထရောကိုကျစေခြင်း ၊ အမျှင်ဓါတ် ကြွယ်ဝခြင်း ၊ နှလုံးသွေးကြောနှင့်သက်ဆိုင်သော ရောဂါဝေဒနာများ ထိရောက်စွာကာကွယ်နိုင်ခြင်း ၊ အရိုးသန်မာခြင်း၊ ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ အသားအရေ နှင့် မျက်လုံးကိုကျန်းမာစေခြင်း စသည့် အကျိုးကျေးဇူးများစွာပေးခြင်းတို့ကြောင့် စားသုံးပေးသင့်ပါကြောင်း ၊ ယခုမုန့်ညင်းစိမ်း တစ်ပိဿာလျင် (၂၅၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ပြီး ပြင်ဦးလွင် နှင့် ပြည်တွင်းမြို့ကြီးများ အားလုံးသို့  တင်ပို့လျက်ရှိကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)