
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကွမ်းသီးခြံလုပ်ကိုင်သူ ဥယျာဉ်ခြံလုပ်သားများပြားသဖြင့် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များလည်း အဝယ်ဒိုင်ဖွင့်လှစ်၍ ဝယ်ယူလျက်ရှိကြပါသည်။ ယခင်နှစ်တွင် ကွမ်းသီးလုံးခြောက် တစ်ပိဿာလျှင် အများဆုံး ၈၀၀၀ ကျပ်ခန့်ရှိပြီး တရုတ် ပြည်မှ ကိုယ်စားလှယ်များ ကွမ်းသီးနုများကို ဈေးကောင်းပေးဝယ်ယူမှုကြောင့် ယခုနှစ်တွင် ကွမ်းသီးအထွက်နှုန်းလျော့ကျသွားခဲ့ကြောင်း သိရသည်။
သို့သော်လည်း ကွမ်းသီးနုရောင်းချမှုမရှိသည့် ခြံရှင်များအနေဖြင့် ကွမ်းသီးအမှည့်များကို နေလှန်းခြောက်ပြုလုပ်ကာ ဈေးကောင်းစောင့်၍ သိုလှောင်ထားကြသဖြင့် ယခုနှစ်တွင် ကွမ်းသီးလုံးခြောက် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဈေးနှုန်းထိမြင့်တက်လာပါသဖြင့် ကွမ်းသီးခြံရှင်များထုတ်ရောင်းလာ၍ ရေးမြို့နယ်တွင် ကွမ်းသီးခြောက်ရောင်းအား၊ ဝယ်အားကောင်းလျက်ရှိကြောင်း ကွမ်းသီးခြံရှင်များထံမှ သိရှိရပါသည်။
DOCA(မွန်)