
ကျောက်ဆည်ခရိုင်အတွင်း ပဲစဉ်းငုံသီးနှံအား နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း (၁၇၃၉)ဧကစိုက်ပျိုးခဲ့ကြောင်း၊ သက်ဆိုင်ရာ ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အများဆုံးစိုက်ပျိုးခဲ့ပြီး ထွက်ပေါ်ချိန်တွင် ပဲစဉ်းငုံဈေးနှုန်း တစ်တင်းလျှင်(၉၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးမှာ တစ်တင်းလျှင် (၉၂၀၀၀)ကျပ်ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ ကျောက်ဆည်မြို့ ပဲမျိုးစုံပွဲရုံများမှ မန္တလေး၊ ရန်ကုန်မြို့များသို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ယခုနှစ်ဖြစ်ပေါ်ခဲ့သော ဈေးအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်ဖြင့် နှိုင်းယှဉ်ပါက ယခုနှစ်ဈေးနှုန်းမှာ လျော့နည်းခဲ့ကြောင်း ၊ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ကျောက်ဆည်ပွဲရုံများသို့ ကျောက်ဆည် ၊ မြစ်သား ၊ နွားထိုးကြီးမြို့နယ်များမှ တောင်သူများလာရောက်ရောင်းချလျက်ရှိပြီး အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ် ဖြစ်လျက်ရှိပြီး မဟာသင်္ကြန်ကျပြီး အချိန်များတွင် ဈေးနှုန်းမြင့်တက်လေ့ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)