ပွင်းလင်းရာသီရောက်လာပြီဖြစ်၍ ၂၀၂၅ခုနှစ်၊ မတ်လအတွင်း ကျောက်ဆည်မြို့သို့ ရာသီစာဖရဲသီးများ ဝင်ရောက်လျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း ဖရဲသီးရောင်းချသည့်ဆိုင်များ မှသိရှိရပါသည်။ ယခုလက်ရှိ ဖရဲသီးစျေးနှုန်းအနေဖြင့် ဖရဲသီးအလုံးကြီးတစ်လုံးလျှင်(၁၀၀၀၀/-)ကျပ်၊ အလတ်တစ်လုံးလျှင်(၉၀၀၀/-)ကျပ်၊ အသေးတစ်လုံးလျှင်(၈၀၀၀/-)ကျပ်နှင့် ရွှေသခွားသီးတစ်လုံး လျှင်(၂၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ် ဖရဲသီးစျေးနှုန်းအနေဖြင့် ဖရဲသီးအလုံးကြီးတစ်လုံးလျှင်(၆၀၀၀/-)ကျပ်၊ အလတ်တစ်လုံးလျှင်(၅၀၀၀/-)ကျပ်၊ အသေးတစ်လုံး လျှင်(၃၀၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခင်နှစ်နှင့်ယခုနှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ်မှာစျေးနှုန်းများ ပိုမိုရရှိလျက်ရှိကြောင်း ဖရဲသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အကူ ဖြစ်စေကြောင်း၊ သွေးထဲမှာ ယူရစ်အက်ဆစ်ပါဝင်မှုကို လျော့ချပေးနိုင်ကြောင်း၊ ဖရဲသီးက ဆီးရွှင်စေနိုင်တာကြောင့် ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်ပေးနိုင်ကြောင်း၊ ဖရဲသီးက ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ကျောက်ကပ်တွေကိုကျန်းမာစေနိုင်ဟု လေ့လာသိရှိရပါသည်။ ဖရဲသီးတွင် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်းရှိ၍ ဆေးလည်းအစာ အစားလည်းဆေးဆိုသကဲ့သို့ ချင့်ချိန်စားသုံးသင့်ပါကြောင်း အကြုံပြုတင်ပြအပ်ပါသည်။
DOCA(မန္တလေး)